တရုတ်ကွန်မြူနစ်ပါတီအကြိမ်(၂၀)မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသည် အားမာန်တက်ကြွလာစေသည့် ညီလာခံဖြစ်သည်ဟုITU အတွင်းရေးမှူးချုပ် ဆို

(GMT+08:00)2022-10-24 13:07:21  

    အောက်တိုဘာလ ၂၂ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ International Telecommunication Union (ITU) အတွင်းရေးမှူးချုပ် ကျော့ဟို့လင်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယင်းသည် တရုတ်ပြည်သူများအတွက်ရော ယနေ့ ကမ္ဘာအတွက်ပါ ကိစ္စကြီးတစ်ရပ် ဖြစ်ကြောင်း၊ ITU သည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးနက်ရှိုင်းလာစေရန်နှင့် လူသားကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။