ရှီကျင့်ဖိန် စသည့်ခေါင်းဆောင်များသည် ပါတီညီလာခံသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ လေ့လာအကဲခတ်သူ အဖြစ် တက်ရောက်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2022-10-24 16:03:21  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အောက်တိုဘာလ ၂၃ရက်နေ့ ညနေပိုင်းက ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ လေ့လာအကဲခတ်သူအဖြစ် တက်ရောက်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ပြီး ၄င်းတို့နှင့် စုပေါင်းဓာတ်ပုံကို ရိုက်ကူးခဲ့ပါသည်။

ပါတီညီလာခံသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်များနှင့် လေ့လာအကဲခတ်သူအဖြစ် တက်ရောက်သူ ၂၇၀၀ ကျော်တို့သည် ပြည်သူ့ခန်းမဆောင်ကြီးတွင် စုစည်းခဲ့ကြပါသည်။ ရှီကျင့်ဖိန် စသည့်ခေါင်းဆောင်များသည် လက်ဝှေ့ယမ်းပြီး ၄င်းတို့နှင့် နှုတ်ဆက် ခဲ့ကြပါသည်။ ကိုယ်စားလှယ်များသည် ရှီကျင့်ဖိန် စသည့်ခေါင်းဆောင်များအား နှုတ်ခွန်းဆက်သပြီး ဆုမွန်ကောင်းတောင်းခဲ့ကြပါသည်။