တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးစီး၊ ရှီကျင့်ဖိန်သည် ပိတ်ပွဲ အစည်းအဝေးကို ကြီးမှူးကျင်းပကာ အရေးကြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-10-23 16:35:37  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၂၂ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပပြီးစီးခဲ့ပါသည်။ ပိတ်ပွဲ အစည်းအဝေးတွင် ညီလာခံသို့ တက်ရောက်ကြသော ကိုယ်စားလှယ် ၂၃၃၈ဦးတို့သည် အကြိမ်သစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ စည်းကမ်းကြီးကြပ်ရေး ကော်မရှင်ကို မဲပေးရွေးချယ်တင်မြှောက်ပြီး ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်၊ ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းကမ်း ကြီးကြပ်ရေးကော်မရှင်၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်နှင့် တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်းဥပဒေ ပြင်ဆင်ရေးမူကြမ်းဆိုင်ရာ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ပါသည်။

ညီလာခံတွင် တရုတ် ကွန်မြူနစ် ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ နောက်ပိုင်း၌ ရှီကျင့်ဖိန် ခေတ်ကာလသစ် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် ဆိုင်ရာ သဘောတရား အောင်ကျိုးရလဒ်သစ်များကို တရုတ်ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်းဥပဒေတွင် ထည့်သွင်းရေးသားပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ တင်ပြသော တရုတ် ကွန်မြူနစ်ပါတီ၏ အဓိက လုပ်ငန်းတာဝန်အရ တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်းဥပဒေတွင် အားထုတ်ကြိုးပမ်းခြင်းနှင့် ပတ်သက်သော ရေးသားဖော်ပြချက်ကို ထိန်းညှိကောင်းမွန်ပြည့်စုံစေရာ တရုတ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မဟာဗျူဟာမြောက် ရည်မှန်းချက်မှာ ၂၀၃၅ခုနှစ်တွင် ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံ အားဖြင့် အကောင်အထည်ဖော်ဆောင်ရန်နှင့် ၂၁ရာစုနှစ် အလယ်ပိုင်းတွင် တရုတ်ပြည်ကို အင်အားတောင့်တင်းသော ခေတ်မီ ဆိုရှယ်လစ် နိုင်ငံ အဖြစ် တည်ဆောက်ပြီးစီးရန် သတ်မှတ်ပေးသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဒုတိယ နှစ်၁၀၀ အားထုတ်ကြိုးပမ်းခြင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရန်ပင် ဖြစ်သည်။

ရှီကျင့်ဖိန်သည် ပိတ်ပွဲ အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်းပြောကြားသည်။ ၄င်းက တရုတ် ကွန်မြူနစ်ပါတီသည် နှစ်ပေါင်းတစ်ရာ အားထုတ်ကြိုးပမ်းခြင်း ခရီးစဉ်ကို လျှောက်လှမ်းပြီး ခရီးစဉ်သစ် အတွက် လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနေကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီသည် ခေတ်ကာလသစ်နှင့် ခရီးစဉ်သစ်တွင် ကမ္ဘာသူကမ္ဘာသားများအား အမြင်သစ်ဖြင့် ကြည့်စေအောင် ပိုမိုကြီးမားသော အံ့ချီးဖွယ်ရာသစ်များကို ဖန်တီးရန် ယုံကြည်မှုနှင့် စွမ်းဆောင်ရည် အပြည့်အဝ ရှိကြောင်း ပြောကြားသည်။ တစ်ပြည်လုံး တိုင်းရင်းသား လူမျိုးစု ပြည်သူများကို ဦးဆောင်ပြီး ဆိုရှယ်လစ် ခေတ်မီ နိုင်ငံ ဘက်စုံ တည်ဆောက်ရေးနှင့် မွန်မြတ်သော တရုတ် အမျိုးသား ရှင်သန်မှု ဘက်စုံ တွန်းအားပေးရေး အတွက် စည်းလုံးညီညွတ်ပြီး အားထုတ်ကြိုးပမ်းရန် ရှီကျင့်ဖိန်သည် ပါတီ တစ်ရပ်လုံးအား နှိုးဆော်သည်။