တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ပီကင်းမြို့၌ ကျင်းပ

(GMT+08:00)2022-10-23 16:38:28  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို အောက်တိုဘာလ ၂၃ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။

ယင်းမျက်နှာစုံညီအစည်းအဝေးတွင် ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ အဖွဲ့ဝင်များ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် အရေးကြီးမိန့်ခွန်း ပြောကြား ခဲ့ပါသည်။

ယင်းမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ကြသော ဗဟိုကော်မတီအဖွဲ့ဝင် (၂၀၃)ဦး၊ အရန် ဗဟိုကော်မတီအဖွဲ့ဝင် (၁၆၈)ဦး ရှိပါသည်။ ဗဟိုကော်မတီ စည်းကမ်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များသည် လေ့လာသူအဖြစ် အစည်းအဝေးသို့ တက်ရောက် ကြပါသည်။