တရုတ်သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် တွန်းအားပေးပြီး ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးဖြင့် ကမ္ဘာအတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-10-23 16:41:22  

အောက်တိုဘာလ ၂၃ရက်နေ့တွင် အကြိမ်၂၀မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက် ထမ်းဆောင်မည် ဖြစ်ပါသည်။

အသစ်ရွေးချယ်တင်မြှောက်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များသည် ပြည်တွင်းပြည်ပသတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က လက်ရှိ တရုတ်နိုင်ငံသည် ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံတည်ဆောက်ရန် ခရီးစဉ်သစ်သို့ ဝင်ရောက်ပြီး ဒုတိယ နှစ်တစ်ရာကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်သို့ ချီတက်ကာ တရုတ်ပုံစံခေတ်မီရေးဖြင့် မွန်မြတ်သော တရုတ်အမျိုးသား ရှင်သန်ရေးကို ဘက်စုံတွန်းအားပေးနေကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ရေရှည်ကာလတွင် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အခြေအနေ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဘက်စုံဇောက်ချပြုလုပ်ရန် ဦးလည်မသုန် စွဲကိုင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် တွန်းအားပေးကာ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးဖြင့် ကမ္ဘာအတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် မိမိ ကိုယ်ကို တော်လှန်ရေးကို တစ်လျှောက်လုံး တွန်းအားပေးပြီး ပါတီကို ဘက်စုံတင်းကျပ်စွာ စီမံအုပ်ချုပ်ရေးကို တွန်းအားပေးကာ နှစ်တစ်ရာကျော် သက်တမ်းရှိသော တရုတ် ကွန်မြူနစ်ပါတီကြီးကို မိမိကိုယ်ကိုတော်လှန်ရေးတွင် အဆက်မပြတ် ရှင်သန်လာ စေကြောင်း၊ တရုတ်ပြည်သူများ အားကိုးမှု အရှိဆုံး၊ အခိုင်မာဆုံးသော ကျောရိုးမဏ္ဍိုင် တစ်လျှောက်လုံး ဖြစ်လာစေကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ကမ္ဘာ နှင့် ခွဲ၍မရကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တရုတ်နိုင်ငံကို လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ ပြည်သူများနှင့်အတူ လူသားတစ်ရပ်လုံး၏ တူညီ သောတန်ဖိုးများကို ထွန်းကားစေကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းပြီး ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကာ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရန် ဆက်လက်တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။