တရုတ် ဖူကျန့်ပြည်နယ်အနီးရှိ ပင်လယ်ပြင်တွင် ပင်လယ်ရေမှော်(laver)များကို ရိတ်သိမ်းနေ

(GMT+08:00)2022-10-22 12:52:42  

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှားဖူခရိုင်အနီးရှိ ပင်လယ်ပြင်တွင် ပင်လယ်ရေမှော် မိုပေါင်း ၆၅၀၀၀ စိုက်ပျိုးထားပြီး အောက်တိုဘာလတွင် ရိတ်သိမ်းချိန် ကျရောက်လာပြီးနောက် တံငါသည်များသည် လှေများဖြင့် ပင်လယ်ရေမှော်ကို ရိတ်သိမ်းကြသည်။ ရှားဖူခရိုင်ကို တရုတ် ပင်လယ်ရေမှော်ရွာဟု အမည်တွင်ပြီး တစ်နှစ်အတွင်း စုစုပေါင်းထုတ်လုပ်မှု ပမာဏမှာ တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့်ရှိကာ ပင်လယ်ရေမှော်သည် ဒေသခံပြည်သူ များ၏  ၀င်ငွေများစေသော အဓိကလုပ်ငန်း ဖြစ်သည်။