ရုရှားနှင့် ယူကရိန်းတို့သည် အခြေခံအဆောက်အအုံများကို အပြန်အလှန် ရည်ရွယ်တိုက်ခိုက်

(GMT+08:00)2022-10-22 14:15:58  

အောက်တိုဘာလ ၁၉ ရက်နေ့က ရုရှားတပ်ဖွဲ့သည် ယူကရိန်း စစ်ရေးကွပ်ကဲမှုစနစ်နှင့် စွမ်းအင် စနစ်များကို နေ့ရော ညပါ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ရည်ရွယ်ထားသည့် ပစ်မှတ်အားလုံးကို ထိမှန်ခဲ့သည်ဟု ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းတွင် ရုရှားသည် ယူကရိန်းရှိ လျှပ်စစ်ဓတ်အားပေးစက်ရုံ ၃ ပုံ ၁ ပုံ နီးပါးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီက ၁၈ ရက်နေ့က တွစ်တာ၌ ဖော်ပြခဲ့ပါသည်။