တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးစီး

(GMT+08:00)2022-10-22 14:14:24  

၇ရက်ကြာ ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို အောက်တိုဘာလ ၂၂ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပပြီးစီးခဲ့ပါသည်။

ညီလာခံတွင် အကြိမ်၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ စည်းကမ်းကြီးကြပ်ရေးကော်မရှင်ကို ရွေးချယ် တင်မြှောက်ခဲ့ရာ ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အစီရင်ခံစာ ဆိုင်ရာဆုံးဖြတ်ချက်၊ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းကမ်းကြီးကြပ်ရေးကော်မရှင်၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်နှင့် တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်းဥပဒေ ပြင်ဆင်ရေးမူကြမ်းဆိုင်ရာ ဆုံးဖြတ်ချက် များကို အတည်ပြုခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံနှင့် ညီလာခံတွင် ရွေးချယ်တင်မြှောက်သော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် တရုတ် ကွန်မြူနစ်ပါတီ၏ အမြင့်ဆုံးဦးဆောင်အဖွဲ့အစည်း ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ၅နှစ် တစ်ကြိမ် ကျင်းပလေ့ရှိပါသည်။