တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပ၊ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2022-10-21 16:07:50  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိအဖွဲ့ တတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ ရဲဘော် ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် အကြိမ် (၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ၊ ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မရှင် အရန်အဖွဲ့ဝင်များ အမည်စာရင်းမူကြမ်းကို အတည်ပြုပြီး ကိုယ်စားလှယ်အဖွဲ့အသီးသီးသို့ လေ့လာဆွေးနွေးဖို့ တင်ပြရန် ဆုံးဖြတ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

   အောက်တိုဘာလ ၂၀ ရက်နေ့ညနေပိုင်းနှင့် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပါတီ ညီလာခံတွင် ကိုယ်စားလှယ်အဖွဲ့ အသီးသီးတို့၏ မျက်နှာစုံညီ အစည်းအဝေးများကို ကျင်းပပြီး ပါတီဗဟိုကော်မတီဝင်များ၊ ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် များနှင့် ပါတီဗဟိုကော်မတီ အရန်ကော်မတီဝင်များအား ကြိုတင်ရွေးချယ် တင်မြှောက်မှုကို ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့ပါသည်။

  ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပါတီညီလာခံတွင် တရားဝင် ရွေးချယ်တင်မြှောက်မှုကို ပြုလုပ်မည် ဖြစ်သည်။