Mitsubishi Electric သည် နှစ်ပေါင်း ၃၀ ကျော်ကြာ ဒေတာလိမ်လည်မှုကြောင့် အဆင့်မြင့် ဝန်ထမ်း ၂၂ ဦးကို အပြစ်ပေး

(GMT+08:00)2022-10-21 13:57:20  

ဂျပန် Mitsubishi Electric ကုမ္ပဏီသည် ဒေတာလိမ်လည်မှုဆိုင်ရာ အဆင့်မြင့် ဝန်ထမ်း ၂၂ ဦးကို အပြစ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က ကြေညာသည်။ ယင်းကုမ္ပဏီသည် စစ်ဆေးမှု အချက်အလက်များကို နှစ်ပေါင်း ၃၀ ကျော်ကြာ လိမ်လည်ခဲ့သည်ဟု မီဒီယာက ထုတ်ပြန်ခဲ့သည်။

        ပြင်ပကျွမ်းကျင်သူအဖွဲ့၏ နောက်ဆုံးစုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ Mitsubishi Electric ကုမ္ပဏီ၏ ဂျပန်နိုင်ငံရှိ ထုတ်လုပ်မှု စခန်း ၂၂ ခုအနက် ၁၇ တွင် ဒေတာလိမ်လည်မှု ၁၉၇ မှု ရှိကြောင်း၊ နောက်ဆုံးတစ်မှုသည် ယခုနှစ် သြဂုတ်လအထိ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအမှုများတွင် ၁၁၂ မှုသည် တမင်သက်သက် ပြုလုပ်ခြင်းဖြစ်ပြီး ၆၂ မှုတွင် စီမံခန့်ခွဲသူများပါဝင်ကြောင်းသိရပါသည်။