စွမ်းအင်ပေါ်လစီအပေါ် သဘောကွဲလွဲမှုကြောင့် ပြင်သစ်နှင့်ဂျာမဏီ ဝန်ကြီးများအစည်းအဝေးကို ရွှေ့ဆိုင်း

(GMT+08:00)2022-10-21 13:55:08  

ဒေသစံတော်ချိန် ၁၉ ရက်နေ့က ပြင်သစ်နှင့် ဂျာမဏီနှစ်နိုင်ငံမှ အရာရှိများသည် နှစ်နိုင်ငံအစိုးရတို့ မူလစီစဉ်ထားသည့် လာမည့်အပတ်တွင် ပြင်သစ်နိုင်ငံ ဖန်ဒန်ဘ်လျူ မြို့တွင် ကျင်းပမည့် နှစ်နိုင်ငံဝန်ကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တွင် ကျင်းပရန် ရွှေ့ဆိုင်းပြီဟု ပြောကြားခဲ့သည်။ သက်ဆိုင်ရာ သတင်းအရ အဆိုပါအစည်းအဝေးကို ရွှေ့ဆိုင်းခြင်းသည် ပြင်သစ်နှင့် ဂျာမဏီ နှစ်နိုင်ငံတို့ စွမ်းအင်နှင့် နိုင်ငံတော်ကာကွယ်ရေး ပေါ်လစီများဘက်တွင် သဘော ကွဲလွဲမှုများကြောင့် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။