တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သတင်းစင်တာသည် နိုင်ငံခြားရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲကို ကျင်းပ

(GMT+08:00)2022-10-21 13:54:25  

၂၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ သတင်းစင်တာသည် ပီကင်း၌ စတုတ္ထအကြိမ် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တရုတ်ကွန်မြူနစ်ပါတီကော်မတီဝင်၊ ဒုဝန်ကြီးမာကျောင်ရှု က “ကွဲပြား နေသော ကမ္ဘာကြီးသည် မည်သူ့၏အကျိုးစီးပွားနှင့်မျှ မကိုက်ညီသလို ထိပ်တိုက်ရင်ဆိုင်မှု များသည် ကမ္ဘာကြီးကို အဆုံးစွန်ထိ ဦးတည်သွားစေမှာ ဖြစ်ကြောင်း၊ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူများ၏ အနာဂတ် တည်ရှိရာနေရာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါ တစ်ကမ္ဘာလုံး ပျံ့နှံ့မှုနှင့် ယူကရိန်း အကျပ်အတည်းသည် လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ခြင်းဆိုင်ရာ အမှန်တရားနှင့် အရေးပါမှုကို ထပ်မံသက်သေပြခဲ့ကြောင်း၊ မိမိတို့သည် သမိုင်းကြောင်းမှန်ကန်သောဘက်တွင် ပြတ်သားစွာ ရပ်တည်သကဲ့သို့ လူသား ယဉ်ကျေးမှု တိုးတက်ရေးဘက်တွင် ပြတ်သားစွာ ရပ်တည်ကာ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ရင်း မိမိကိုယ်တိုင် ဖွံ့ဖြိုး တိုးတက်မှုကို ရှာကြံပြီး မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုကောင်းမွန်အောင် ဆက်လက် ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။