အီးယူထိပ်သီးအစည်းအဝေးကျင်းပသောအခါသမယတွင် ဘယ်လ်ဂျီယံ ပြည်သူများသည် ဈေးမြင့်တက်မှုကို ကန့်ကွက်

(GMT+08:00)2022-10-21 11:42:37  

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ဥရောပစွမ်းအင်ဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများသည် များစွာမြင့်တက်လာပြီး စီးပွားရေးနှင့်ပြည်သူများ၏ စားဝတ်နေရေးလည်း ထိခိုက်မှု ခံခဲ့ရကြောင်း၊ ယခုလ ၂၀ ရက်နေ့က အီးယူဆောင်းဦးရာသီ ထိပ်သီး အစည်းအဝေး ကျင်းပသော ပထမဆုံးရက်တွင် ဘယ်လ်ဂျီယံအကြီးဆုံးသော အလုပ်သမားသမဂ္ဂနှစ်ခုသည် အီးယူရုံးချုပ် တည်ရှိရာနေရာတွင် ဈေးနှုန်း မြင့်တက်လာခြင်းနှင့် အစိုးရမှ သက်ဆိုင်ရာမူဝါဒများကို ကန့်ကွက်ရန် ဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။

      ထိုနေ့တွင် ဘယ်လ်ဂျီယံနိုင်ငံမြို့တော်မှ လူရာပေါင်းများစွာသည် ဘရပ်ဆဲလ်ရှိ အီးယူရုံးချုပ်အနီးတွင် စုရုံးခဲ့ကြကြောင်း၊ ဆန္ဒပြသူများသည် ဆိုင်းဘုတ်များကိုင်ပြီး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော အီးယူခေါင်းဆောင်များသည် ပြည်သူများ၏ တောင်းဆိုချက်များကို ပိုမိုအာရုံစိုက်ကာ ပြည်သူများ၏ စားဝတ်နေရေး ကောင်းမွန်လာအောင် လက်တွေ့ကျသော ဆောင်ရွက်ချက်များ ချမှတ်နိုင်ရန် မျှော်လင့်ကြောင်း သိရပါသည်။