စစ်တမ်းကောက်ယူမှုရလဒ်အရ အမေရိကန်ပြည်သူအများစုသည် မြင့်မားသော ငွေဖောင်းပွမှုကြောင့် စိုးရိမ်နေ

(GMT+08:00)2022-10-21 13:55:42  

အမေရိကန် Fox သတင်းဝက်ဘ်ဆိုက်မှ အောက်တိုဘာလ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့သော စစ်တမ်းကောက်ယူမှုရလဒ်အရ စစ်တမ်းဖြေသူ ၇၃ ရာခိုင်နှုန်းသည် အမေရိကန်စီးပွားရေး ဆိုးဝါးနေသည်ဟု ယူဆကြကြောင်း၊ စစ်တမ်းဖြေသူ ၇၁ ရာခိုင်နှုန်းသည် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ ဝယ်ယူခြင်းကို လျှော့ချပြီး ၅၁ ရာခိုင်နှုန်းသည် ၄င်းတို့၏ အိမ်ထောင်စုအခြေအနေသည် လွန်ခဲ့သော ၂ နှစ်ကထက် ပိုမိုဆိုးဝါးသည်ဟု ယူဆကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။