Liz Truss သည် ရာထူးမှ နုတ်ထွက်

(GMT+08:00)2022-10-21 13:56:42  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၀ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် Liz Truss သည် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဗြိတိန် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဗြိတိန် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း ဖေါ်ပြသည်။ လက်ရှိအခြေအနေအရ ၎င်းသည် ကွန်ဆာဗေးတစ်ပါတီရွေးကောက်ပွဲ ကျင်းပခဲ့စဉ်တုန်းက ကတိပြုချက်များကို မဖေါ်ဆောင်ပေးနိုင်ကြောင်း၊ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို လာမည့် သီတင်းပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်းTruss ကဆိုသည်။

အသက် ၄၇ နှစ်အရွယ် Liz Truss သည် ဗြိတိန်သမိုင်းတွင် သက်တမ်းအတိုဆုံးသော ဝန်ကြီးချုပ်ဖြစ်ပြီး ၎င်းသည် စက်တင်ဘာလ ၆ ရက်နေ့က တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုသည့်နောက်ပိုင်း ယခုအချိန်အထိ ၄၅ ရက်ကြာသာရှိကြောင်း၊ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်သစ်ကို မရွေးချယ်မီတွင် Truss သည် ဗြိတိန်ဝန်ကြီးချုပ် တာဝန်ကို ယာယီထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။