အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ကျူးဘား၏ စီးပွားရေး ဒေါ်လာ ဘီလီယံတစ်ထောင်ကျော် ဆုံးရှုံးစေခဲ့သည်ဟု ကျူးဘား အပြစ်တင်

(GMT+08:00)2022-10-21 13:53:19  

ကျူးဘားနိုင်ငံခြားရေးဝန်ကြီးရိုဒရီဂွက်ဇ်က ကျူးဘားနိုင်ငံသည် အမေရိကန်၏ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို အဆုံးသတ်ရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ လဆန်းတွင် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ အကြိမ် ၃၀ တင်သွင်းရန် စီစဉ်ကြောင်း၊ အဆိုပါ မူကြမ်းတွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် ကျူးဘားနိုင်ငံသည် စီးပွားရေး ဒေါ်လာဘီလီယံတစ်ထောင် ကျော် ဆုံးရှုံးစေခဲ့သည်ဟု အပြစ်တင်ခဲ့ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။