အမေရိကန်နိုင်ငံ ပတ်ဝန်းကျင် ကာကွယ်ရေးဌာနသည် မစ္စစ္စပီ ပြည်နယ်၏ ရေပြဿနာကို စုံစမ်းစစ်ဆေးနေ

(GMT+08:00)2022-10-21 13:52:44  

အမေရိကန် အေပီသတင်းဌာနမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ အမေရိကန်နိုင်ငံ ပတ်ဝန်းကျင် ကာကွယ်ရေးဌာန (EPA)သည် မစ္စစ္စပီ ပြည်နယ်အစိုးရအဖွဲ့ ရေပေးဝေရေးစနစ်မြှင့်တင်ရေးအတွက် ငွေထုတ်ပေးရန် ငြင်းပယ်ခြင်းဖြင့် ယင်းပြည်နယ်တွင် အာဖရိကန်အနွယ်ဖွား အမေရိကန် နိုင်ငံသား အများစုပါရှိသော မြို့တော်ကို ခွဲခြားဆက်ဆံခြင်းရှိမရှိကို စုံစမ်းစစ်ဆေး နေကြောင်း သိရပါသည်။

      ဩဂုတ်လ တတိယဆယ်ရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မစ္စစ္စပီ ပြည်နယ် မြို့တော် Jackson၏ အဓိကရေသန့်စင်ရေး အဆောက်အအုံ၏ ပြဿနာများ ပိုမိုဆိုးရွားစေခဲ့ပြီး Jackson ရှိမိသားစုနှင့် စီးပွားရေးလုပ်ငန်းအများစုသည် သြဂုတ်လ လကုန်နှင့် စက်တင်ဘာလလဆန်းရက်များတွင် ဘုံပိုင်ရေ မရှိကြောင်း သိရပါသည်။ Jackson ၏ လူဦးရေ ၈၀ ရာခိုင်နှုန်းသည် အာဖရိကန် အနွယ်ဖွားများ ဖြစ်ပါသည်။