ရုရှားက ဒေသအများအပြားမှယူကရိန်းလေတပ်များကိုတိုက်ခိုက်သည်ဟု ဆို၊ ယူကရိန်းကလည်း တောင်ဘက်စစ်မျက်နှာတွင် ရုရှားအား လေကြောင်းမှ တိုက်ခိုက်

(GMT+08:00)2022-10-20 17:27:09  

 ဒေသစံတော်ချိန် အောက်တိုဘာလ၁၉ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သော ၁ရက်အတွင်း ရုရှားတပ်ဖွဲ့သည် နေရာအများအပြားမှ ယူကရိန်းတပ်ဖွဲ့အား တိုက်ခိုက်ပြီး တစ်ချိန်တည်းတွင်  Khersonမြို့တွင် နေထိုင်သူများကို ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ယူကရိန်ဘက်ကလည်း အရှေ့ဘက်စစ်မျက်နှာမှ ဒေသများတွင် ရုရှားတပ်ဖွဲ့၏ ထိုးစစ်များကို တွန်းလှန်တိုက်ဖျက်ပြီး တောင်ဘက်စစ်မျှက်နှာရှိ Khersonမြို့တွင် ရုရှားနိုင်ငံအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။