ရုရှားက ဒေသအများအပြားမှ ယူကရိန်းစစ်တပ်များကို တိုက်ခိုက်သည်ဟုဆို၊ ယူကရိန်းက တောင်ဘက်စစ်မျက်နှာတွင် ရုရှားအား လေကြောင်းမှ တိုက်ခိုက်ဟု ဆို

(GMT+08:00)2022-10-20 17:35:52  

အောက်တိုဘာလ ၁၉ ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနက လွန်ခဲ့သော တစ်ရက်အတွင်း ရုရှားတပ်ဖွဲ့သည် နေရာအများအပြားမှ ယူကရိန်းတပ်ဖွဲ့အား တိုက်ခိုက်ပြီး တစ်ချိန်တည်းတွင်  Kherson မြို့တွင် နေထိုင်သူ များကို ရွှေ့ပြောင်းပေးသည်ဟု ပြောကြားခဲ့ကြောင်း၊ ယူကရိန်း ဘက်က အရှေ့ဘက်စစ်မျက်နှာမှ ဒေသများတွင် ရုရှားတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုကို တွန်းလှန် တိုက်ဖျက်ပြီး တောင်ဘက်စစ်မျက်နှာရှိ Kherson မြို့တွင် ရုရှားအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။