အမေရိကန်၏ ဈေးနှုန်းတိုးတက်မှုနှုန်း မြင့်မားနေဆဲဖြစ်သည်ဟု Fed စက္ကူညိုစာတမ်းတွင် ဖေါ်ပြ

(GMT+08:00)2022-10-20 17:29:36  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမေရိကန် Fed သည် အမျိုးသားစီးပွားရေးအခြေအနေစစ်တမ်း အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ အမေရိကန် အမျိုးသားစီးပွားရေးလှုပ်ရှားမှုသည် အသားတင်အခြေခံအားဖြင့် အနည်းငယ် တိုးလာ သော်လည်း ဈေးနှုန်းတိုးတက်မှုနှုန်းမြင့်မားနေသေးပြီး အချို့သော လုပ်ငန်းနယ်ပယ် သို့မဟုတ် ဒေသအချို့သည် ဝယ်လိုအား အားနည်းခြင်းနှင့် စီးပွားရေး ကျဆင်းမှုများအပေါ် စိုးရိမ်ပူပန်မှုများရှိလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

      ယင်းအစီရင်ခံစာသည် Fed အောက်ရှိ ဒေသဆိုင်ရာ အရန်ဘဏ် ၁၂ ခုမှ နောက်ဆုံး တွေ့ရှိချက်များကို အခြေခံပြီး ပြုစုထားခြင်းဖြစ်ပြီး စက္ကူညိုစာတမ်း ဟုလည်း ခေါ်သည်။