ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာမှ စိတ်အားထက်သန်မှုများ ရရှိသည်ဟု ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများနှင့် ပညာတော်သင်များ ဆို

(GMT+08:00)2022-10-20 17:33:51  



တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၆ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့သည်။ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားနှင့် ပညာတော်သင် အမြောက်အမြားက ပါတီညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ကြည့်ရှုပြီး ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ပါတီညီလာခံသို့ တင်ပြသော အစီရင်ခံစာကို နားထောင်ကာ  ယင်းအစီရင်ခံစာမှ စိတ်အားထက်သန်မှု များကို ရရှိသည်ဟု ပြောကြားခဲ့ကြပါသည်။

Oxford တက္ကသိုလ် စာရင်းအင်းပညာ PHD ကျမ်းရွေ့ဟွာက ဗြိတိန်တွင် ပညာ လေ့လာဆည်းပူးနေသော PHD တစ်ဦး အနေနှင့် မိမိသည် ပါတီအထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ပြောခဲ့သည့် “လူငယ် အားကောင်းပါက နိုင်ငံတော် အားကောင်းမည်” ဟူသော မှာကြားချက်ကို စွဲစွဲမြဲမြဲ မှတ်ထားပြီး စွမ်းရည်များကို ကြိုးကြိုးစားစား သင်ယူ လေ့လာ တတ်မြောက်၍ အမိနိုင်ငံအား အကျိုးပြုစွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆွစ်ဇာလန် တရုတ်ပြည်ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေး တိုးမြှင့်မှု အသင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ကျောက်ယွမ်က ပါတီအထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အစီရင်ခံစာတွင် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ် ယဉ်ကျေးမှုကို ပြည်ပ နိုင်ငံများအား မိတ်ဆက်ပေးရေး အကြောင်းကို ဖေါ်ပြခဲ့ကြောင်း၊ မိမိသည် တရုတ်နှင့် ဥရောပနိုင်ငံများအကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။