ပူတင်သည် ဒိုနေစ်ကီအပါအဝင် နေရာ ၄ ခုတွင် စစ်တွင်းအခြေအနေ ဆောင်ရွက်ခြင်းကို ကြေညာ

(GMT+08:00)2022-10-20 17:38:04  

ယခုလ ၁၉ ရက်နေ့တွင် ရုရှားသမ္မတပူတင်က ရုရှားဖက်ဒရေးရှင်း လုံခြုံရေး အစည်းအဝေးကို ဦးစီးကျင်းပပြီး ဒိုနေစ်ကီ၊ လူဟန်စ်ကီ၊ ကီလ်စိန်နှင့် ဇာဗိုရိုဇီအီ ဒေသများတွင် စစ်တွင်းအခြေအနေ ဆောင်ရွက်ရန် ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ထိုနေ့ နှောင်းပိုင်းအချိန်တွင် ရုရှားဖက်ဒရေးရှင်းကောင်စီသည် ဒိုနေစ်ကီ အပါအဝင် ဒေသ ၄ ခုတွင် စစ်တွင်းအခြေအနေ ဆောင်ရွက်ရန် ရုရှားသမ္မတ ပူတင်၏ သမ္မတအမိန့်ကို တညီတညွတ်တည်း မဲပေးအတည်ပြု ခဲ့ကြောင်း သိရပါသည်။