တိုင်ပေမြို့တွင် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး ၄ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-10-20 17:34:59  

ယခုလ ၁၉ ရက်နေ့ ည ၇ နာရီခန့်က တိုင်ပေမြို့ ဝမ်ဟွမ်ရပ်ကွက်တွင် သေနတ်ပစ်ခတ်မှုနှစ်ရပ်ဖြစ်ပွားခဲ့ရာ သေနတ်ပစ်ခတ်သူ သေဆုံးပြီး၊ ရဲတစ်ဦးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိကြောင်း၊ သေနတ်ပစ်ခတ်မှုနှစ်ရပ်တွင် ပစ်ခတ်သူ တစ်ဦးတည်း ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသို့ပို့ပြီဖြစ်ကြောင်း China Media Group မှ သတင်းအရသိရပါသည်။