Overseas Chinese Service Center ဌာနမှူး - တရုတ်နိုင်ငံဟာ ခေတ်မီဆိုရှယ်လစ်စနစ်နိုင်ငံတော် ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်ကို လျှောက်လှမ်းနေပြီး ဒုတိယမြောက် နှစ်တစ်ရာကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ဆီသို့ ဦးတည်ချီတက်နေတာကို ကျွန်တော်တို့ ဝမ်းမြောက်စွာမြင်တွေ့ရပါတယ်

(GMT+08:00)2022-10-20 12:49:54  

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကိုကျင်းပလျက်ရှိသည့်အချိန်တွင် Overseas Chinese Service Center ဌာနမှူး လီကျိချန်းက China MediaGroup မှ သတင်းထောက်၏ အင်တာဗျူးကိုလက်ခံခဲ့ရာယင်းပါတီညီလာခံအောင်မြင်ပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

၎င်းက-

“တရုတ်ကွန်မြူနစ်ပါတီ  အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ တရုတ်ပြည်သူတစ်ရပ်လုံးနဲ့ ပင်လယ်ရပ်ခြားရှိ တရုတ်နွယ်ဖွားများ ဂုဏ်ပြုထိုက်တဲ့ အရေးကြီးတဲ့အခိုက်အတန့် ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ တရုတ်ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ပြီး ဒုက္ခအတိဖြစ်နေတဲ့ ပဒေသရာဇ်လူ့အဖွဲ့အစည်းကို တွန်းလှန်ခဲ့ပါတယ်။ ကိုမင်တန်ပါတီရဲ့ ဖောက်ပြန်တဲ့အုပ်ချုပ်မှုကို ချေမှုန်းနိုင်ခဲ့ပြီး ပြည်သူလူထုကိုယ်တိုင် စီမံဆုံးဖြတ်ဆောင်ရွက်တဲ့ တရုတ်နိုင်ငံသစ်ကို ထူထောင်နိုင်ခဲ့ပါတယ်။ ရှီကျင့်ဖျင် အမှူးပြုတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူတွေဟာ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ အာကာသ၊ စစ်ရေး၊ ဇီဝ၊ ဆက်သွယ်ရေး၊ အစိမ်းရောင်စွမ်းအင် စတဲ့နယ်ပယ်အသီးသီးမှာ ပြောင်မြောက်တဲ့အောင်မြင်မှုများ ရရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်ခဲ့ပြီး အတော်အသင့်ချမ်းသာတဲ့ လူ့အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေး သမိုင်းပေးတာဝန်ကို ပြီးမြောက်ခဲ့ကာ ပထမဆုံး နှစ်တစ်ရာကြိုးပမ်းဆောင်ရွက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ခေတ်မီဆိုရှယ်လစ်စနစ်နိုင်ငံတော် ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်ကို လျှောက်လှမ်းနေပြီး ဒုတိယမြောက် နှစ်တစ်ရာကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်ဆီသို့ ဦးတည်ချီတက်နေတာကို ကျွန်တော်တို့ ဝမ်းမြောက်စွာမြင်တွေ့ရပါတယ်။”

လို့ပါတယ်။