အင်ဒိုနီးရှား သမ္မတ ဂျိုကိုသည် China Media Group မှ အင်တာဗျူးကို လက်ခံဖြေကြား

(GMT+08:00)2022-10-20 17:26:03  



အင်ဒိုနီးရှား သမ္မတ ဂျိုကိုသည် China Media Group မှ အင်တာဗျူးကို မကြာမီက လက်ခံဖြေကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခြင်းနှင့် ပတ်သက်ပြီး သမ္မတ ဂျိုကိုက ယခုအကြိမ် ညီလာခံ ချောမော အောင်မြင်စွာ ကျင်းပနိုင်ရန်၊ တရုတ်ပြည်သူများအတွက် ပိုမို သာယာသော နေထိုင်မှု ဘဝကို ဆောင်ကြဉ်းနိုင်ရန် မျှော်လင့်ကြောင်း၊ ညီလာခံတွင် တရုတ်ပြည်သူများအတွက် အကျိုးရှိသည့်အပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အကျိုးရှိသည့် ဆုံးဖြတ်ချက်များကို အတည်ပြုမည် ဖြစ်၍ ဒေသတွင်းနှင့် ကမ္ဘာကြီး သုခချမ်းမြေ့မှု အတွက် အကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဂျိုကိုက အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု များလေလေ နှစ်နိုင်ငံအတွက် အကျိုးရှိလေလေ ဖြစ်သည်ဟု မိမိ ယူဆကြောင်း၊ ယင်းတို့အနက် ဆိပ်ကမ်း၊ လေဆိပ်၊ အဝေးပြေးကားလမ်း တည်ဆောက်ရေး စသဖြင့် ပါဝင်ကြောင်း၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်သည် တစ်ကမ္ဘာလုံး ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက် ဖေါ်ဆောင်ရေးဆိုင်ရာ ပလက်ဖောင်း ဖြစ်နိုင်ရန် အင်ဒိုနီးရှားက မျှော်လင့် ကြောင်း၊ နိုင်ငံကြီး နှစ်နိုင်ငံအဖြစ်ဖြင့် တရုတ်နှင့် အင်ဒိုနိးရှား ပူးပေါင်း ဆောင်ရွက်မှု အလားအလာ လွန်စွာ ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။