အမေရိကန်တွင် ကလေးငယ်များ သေနတ်ပစ်ခတ်ခံရမှု များစွာ ဖြစ်ပွါး

(GMT+08:00)2022-10-20 17:38:50  

ယခုလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံတွင် ကလေးများ သေနတ်ပစ်ခတ်ခံရမှု များစွာ ဖြစ်ပွားခဲ့ကြောင်း၊ Pennsylvania မှာ ၃ နှစ်အရွယ်ကလေး တစ်ဦးသည် သေနတ်နဲ့ကစားရင်း ပစ်ခတ်မိရာ ၁ နှစ်ခွဲအရွယ်ရှိ ကလေးတစ်ဦး၏ ဦးခေါင်းကို မတော်တဆ ထိမှန်ခဲ့ပြီး ဤကလေး ချက်ချင်း သေဆုံးခဲ့ကြောင်း၊ ဖလော်ရီဒါပြည်နယ် တန်ပါမြို့တွင် ကလေးတစ်ဦးက အမြန် စားသောက်ဆိုင်တွင် သေနတ်ပစ်ခတ်မှုခံရပြီး အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ကြောင်း၊ ဂျော်ဂျီယာ တေကာဘ်တွင် ကလေးတစ်ဦးလည်း ပစ်ခတ်မှုခံခဲ့ရသော်လည်း အသက်အန္တရာယ်မရှိကြောင်း သိရပါသည်။