ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်

(GMT+08:00)2022-10-19 15:55:41  

ထိုင်းနိုင်ငံအစိုးရဌာနသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရေကြီးရေလျှံမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ရာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ပြည်နယ် ၈ ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်၍ ရေကြီးမှု ဖြစ်ပွားနိုင်ဖွယ်ရာ ရှိကြောင်း ခန့်မှန်းထားပါသည်။ လွန်ခဲ့သည့်လကစပြီး ထိုင်းနိုင်ငံ နေရာ အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပြည်နယ် ၄၀ ရာခိုင်နှုန်းသည် လက်ရှိအချိန်တွင် ရေကြီးမှု မလျော့သေးကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ရေဘေးဒုက္ခသည်များကို ကူညီပေးဖို့ နိုင်ငံတစ်ဝန်းတွင် လှေများနှင့် မော်တော်ကားများကို ချထားပေးရန် အမိန့်ချခဲ့ပါသည်။ လွန်ခဲ့သည့် သတင်းပတ်တွင် ထိုင်းနိုင်ငံအစိုးရအဖွဲ့က ရေဘေးကယ်ဆယ်ရေးနှင့် ဘေးပြီး ပြန်လည် တည်ဆောက်ရေးတို့အတွက် ထိုင်းဘတ်ငွေ ၂၃ ဘီလီယံ (ဒေါ်လာ ၆၀၂ သန်း) ထုတ်ပေးမည်ဟု ကြေညာခဲ့ပါသည်။