ပြည်ပနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် အလွှာပေါင်းစုံမှပုဂ္ဂိုလ်များသည် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုကြိုဆို

(GMT+08:00)2022-10-19 15:54:28  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ ကျင်းပသည့်အခါသမယတွင် ပြည်ပနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် အလွှာပေါင်းစုံမှပုဂ္ဂိုလ်များသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်ထံသို့ သဝဏ်လွှာများပေးပို့ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

နီပေါသမ္မတ Bhandari က ကြာရှည်သည့်ကာလ အတွင်း ပါတီအထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်၏ အားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုတွင် ကြီးမားသောအောင်မြင်မှုများရရှိခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက ၎င်းထံမှ အောင်မြင်နိုင်ရန် အတွေ့အကြုံများ သင်ယူခဲ့ကြောင်း ဖေါ်ပြပါသည်။

ထို့အပြင် ကီရီဘာတီ၊ ဆာဘီးယား၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ ဂျာမဏီ၊ အီတလီ စသည့် ပြည်ပ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့်အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များကလည်း တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြသည်။