တရုတ်ဘိုဟိုင်ပင်လယ်ကွေ့ သင်္ဘောများပေါ်၌ တံငါသည်များသည် ပုစွန်နှင့် ကဏန်းများကို ခွဲထုတ်

(GMT+08:00)2022-10-19 15:50:25  

အောက်တိုဘာလ ၁၇ ရက်နေ့က တရုတ်နိုင်ငံ စန်းတုန်းပြည်နယ် ဘင်းကျူးမြို့ ဝူတိခရိုင် အနီးတစ်ဝိုက် ပိုင်လယ်ကွေ့ရှိ သင်္ဘောများပေါ်၌ တံငါသည်များသည် ဖမ်းထားသောပုစွန်နှင့် ကဏန်းများကို ခွဲထုတ်နေသည်။

ဝူဒိခရိုင်သည် တရုတ်နိုင်ငံမှ နိုင်ငံတော်အဆင့် ဘေးကင်းလုံခြုံသောနည်းလမ်းဖြင့် ပင်လယ်စာ မွေးမြူရေးနှင့် ဂေဟစနစ် မွေးမြူရေးစံပြဇုန်ဖြစ်ပြီး ပုစွန်၊ ကဏန်းများမွေးမြူခြင်းနှင့် ပင်လယ်ထဲသို့ လွှဲချခြင်းတို့ကို ဆိုက်တိုက် ပြုလုပ်ကာ နွေရာသီငါးဖမ်းမှု ပိတ်ပင်ရေးစီမံခန့်ခွဲမှုရှိသဖြင့် ပင်လယ်ဂေဟ စနစ် အခြေအနေ သိသိသာသာကောင်းမွန်လာပြီး ”ပင်လယ်ထဲကစပါးကျီ” ပို၍ ကြွယ်ဝလာကာ တံငါသည်များ၏ ဝင်ငွေသည်လည်း တိုးများလာသည်။ မကြာခင်ရက်များက ဝူဒိခရိုင်ရှိ ချာကျန်ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့သည့် ငါးဖမ်းသင်္ဘော ၃၀ ကျော်တို့မှာ တစ်စင်းစီတွင် တစ်နေ့ကို ပုစွန်နှင့် ကဏန်းအမျိုးအစားစုံ စုစုပေါင်းကီလိုဂရမ် ၆၀၀ ခန့် ဖမ်းထားပြီး နေ့စဉ်ဝင်ငွေ ၄ သောင်းကျော် ရှိကြောင်း သိရပါသည်။