နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ရောနှောပေါင်းစပ်ပါဝင်သွားမည်ဟု ဟောင်ကောင်၊ မကာအို အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များဆို

(GMT+08:00)2022-10-19 16:00:09  

ဟောင်ကောင်နှင့် မကာအိုအလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက တရုတ် ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံသို့ တင်ပြထားသော အစီရင်ခံစာသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဟောင်ကောင်နှင့် မကာအိုတို့ တက်ကြွစွာ ရောနှောပေါင်းစပ်ပါဝင်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြထားပြီး အခွင့်အလမ်းသစ်များကို ဖန်တီးကာ ဟောင်ကောင်နှင့် မကာအိုမွေးချင်းပေါက်ဖေါ်များ၏ ယုံကြည်စိတ်ကို များစွာ တိုးလာစေကြောင်း အသီးသီးဖေါ်ပြခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဟောင်ကောင် PuiKiu အလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဝူဟွမ်ကျယ်က ပါတီ အထွေထွေ အတွင်းရေးမှူးရှီကျင့်ဖိန်က သိပံ္ပပညာနှင့် ပညာရေးကို အားကိုးပြီး နိုင်ငံတော် ရှင်သန်ဖွံ့ဖြိုးစေရေး၏ အရေးကြီးကြောင်းကို ထပ်မံပြောဆိုခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ဟောင်ကောင်၏ နိုင်ငံတကာသိပံ္ပနည်းပညာဆန်းသစ်တီထွင်ရေးစင်တာအဖြစ် ဖွံ့ဖြိုး တိုးတက်မှု တွန်းအားပေးခြင်းကိုယ်၌ပင် အမိနိုင်ငံအားအကျိုးပြုခြင်း ဖြစ်သည်ဟု ဟောင်ကောင်မှ လူငယ်များက ပိုမိုနားလည် သိရှိပါကြောင်း ပြောကြားပါသည်။

မကာအိုအမျိုးသမီးများသမဂ္ဂ ဥက္ကဋ္ဌဟိုဒင်ယီကလည်း အစီရင်ခံစာထဲပါ မဟာဗျူဟာ စီမံချက်များသည် မကာအို၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးပြီး မိမိတို့သည် အနာဂတ် ဖွံ့ဖြိုးရေးအတွက် ယုံကြည်စိတ်အပြည့်ရှိကြောင်း ပြောကြား ပါသည်။