ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေးအခေါ်သည် တရားဥပဒေစိုးမိုးသည့် တရုတ်နိုင်ငံတည်ဆောက်ရေးတွင် အခန်းကဏ္ဍသစ်ဖွင့်လှစ်ရန် တွန်းအားပေးနေ

(GMT+08:00)2022-10-19 16:08:54  

ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ သတင်းစင်တာ၌ တတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ဤသတင်းစာရှင်းလင်းပွဲတွင် “ရှီကျင့်ဖိန်၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် စွဲကိုင်ပြီး၊ အဆင့်အတန်း ပိုမိုမြင့်မားသော တရားဥပဒေစိုးမိုးသည့် တရုတ်နိုင်ငံကို ကြိုးပမ်း တည်ဆောက်ကြ” ဟူသော ဆောင်ပုဒ်နှင့်ပတ်သက်၍ သတင်းထောက်များနှင့် ဆွေးနွေးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီ ဒုတိယ အတွင်းရေးမှူးချုပ် ယင်ဘိုင်က ရှီကျင့်ဖိန်၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေးအခေါ် သည် တရားဥပဒေစိုးမိုးသည့် တရုတ်နိုင်ငံတည်ဆောက်ရေးတွင် အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန် တွန်းအားပေးနေကြောင်း ရှင်းလင်းဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။