ပါတီညီလာခံဆိုင်ရာ ဒုတိယအကြိမ် စုပေါင်းမီဒီယာတွေ့ဆုံပွဲကို သတင်းစင်တာ၌ ကျင်းပ

(GMT+08:00)2022-10-19 17:38:06  

ယမန်နေ့ ၁၈ ရက်နေ့ညက တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံဆိုင်ရာ ဒုတိယအကြိမ် စုပေါင်းမီဒီယာတွေ့ဆုံပွဲကို သတင်းစင်တာ၌ ကျင်းပခဲ့ပါသည်။ ဟေလုံကျန်း၊ ရှန်ဟိုင်း၊ ကျန်းစူး၊ ကျယ့်ကျန်း၊ အန်းဟွေး၊ ဖူကျန့်နှင့် ကျန်းရှီးစသည့် ပြည်နယ် ၇ ခုမှ ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှ အစီရင်ခံစာ လေ့လာရေး အခြေအနေကို မိတ်ဆက်ပြီး ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပါသည်။

၎င်းတို့သည် လုပ်ငန်းအုပ်စုတည်ဆောက်မှုနှင့် အခြေခံအဆောက်အအုံ ဆိုင်ရာ အပြန်အလှန် ဆက်စပ်ရေး စသည့်နယ်ပယ်များတွင် ဒေသအားလုံးတို့၏ အားသာချက်များကို အသုံးပြုပြီး ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖေါ်ဆောင်ရေးအခြေအနေကို မိတ်ဆက်ပေးခဲ့ပါသည်။