ပါတီညီလာခံဆိုင်ရာ ပထမအကြိမ် စုပေါင်းမီဒီယာတွေ့ဆုံပွဲကို သတင်းစင်တာ၌ ကျင်းပ

(GMT+08:00)2022-10-19 17:36:27  

ယမန်နေ့ ၁၈ ရက်နေ့ညနေပိုင်းက တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံဆိုင်ရာ ပထမအကြိမ် စုပေါင်းမီဒီယာတွေ့ဆုံပွဲကို သတင်းစင်တာ၌ ကျင်းပခဲ့ပါသည်။ ပီကင်း၊ ထျန်းကျင်းနှင့် ဟိုပေစသည့် ဒေသနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှ အစီရင်ခံစာ လေ့လာရေးအခြေအနေကို မိတ်ဆက်ပြီး ပြည်တွင်း ပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပါသည်။ ပီကင်း၊ ထျန်းကျင်းနှင့် ဟိုပေစသည့် ဒေသနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက လုပ်ငန်း  ဆက်ခံရေး၊ အခြေခံအဆောက်အုံတည်ဆောက်ရေး စသည့်နယ်ပယ်များတွင် ပီကင်း- ထျန်းကျင်း-ဟိုပေ ဒေသ ၃ ခု တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို မိတ်ဆက်ပေးခဲ့သည်။ လက်ရှိတွင် ရှုံအန်းဒေသသစ်မှ အဓိက လုပ်ငန်းအစီအစဉ်များကို ကောင်းမွန်အဆင်ပြေစွာ တွန်းအားပေးဆောင်ရွက်နေပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၄၆၀ ရှိပြီဖြစ်ကြောင်း သိရပါသည်။