၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲသည် အပြာရောင်ပင်ဂွင်းရုပ်ပုံ Mascot ကို ထုတ်ပြန်

(GMT+08:00)2022-10-19 16:07:46  

၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ၏  Mascot ကို ယခုလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အပြာရောင်ပင်ဂွင်းငယ်ပုံ အခြေခံထားသော "Tazuni" သည် သြစတြေးလျနှင့်နယူးဇီလန်တွင်သာတွေ့ရှိသည့် ပင်ဂွင်းငယ်တစ်မျိုးကို အခြေခံ ထားခြင်း ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရသည်။

၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး၊ သမိုင်းတွင် အတိုင်းအတာ အကြီးမားဆုံး ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲလည်း ဖြစ်သွားမည်ဟု သတင်းအရ သိရသည်။