ဖြစ်စဉ်တစ်ရပ်လုံးဖြစ်သည့် ပြည်သူ့ဒီမိုကရေစီသည် တရုတ်ပြည်သူများက ကိုယ့်ဆန္ဒအရ ဆောင်ရွက်ခြင်းကို အာမခံပေးနေ

(GMT+08:00)2022-10-19 15:44:48  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီအထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်က (၁၉) ကြိမ်မြောက် ပါတီ ဗဟိုကော်မတီ ကိုယ်စားညီလာခံသို့ အစီရင်ခံစာကို တင်ပြခဲ့ပါသည်။ အစီရင်ခံစာတွင် ဖြစ်စဉ်တစ်ရပ်လုံး ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ၏ ထူးခြားချက်ဝိသေသနှင့် အားသာချက်များကို ဘက်စုံ ရှင်းလင်းဖေါ်ပြပြီး ခေတ်သစ်မှာ တရုတ်နိုင်ငံက ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံရေး တိုးတက်ခြင်းအတွက် ဦးတည်ချက်ကို ပြသထားပါသည်။

ဖြစ်စဉ်တစ်ရပ်လုံးဖြစ်သည့် ပြည်သူ့ဒီမိုကရေစီသည် တရုတ်ကွန်မြူနစ်ပါတီက ပြည်သူများကို သွေးစည်းညီညွတ်စွာ ဦးဆောင်ပြီး ဒီမိုကရေစီကို ရှာကြံတိုးမြှင့် ဖေါ်ဆောင်သည့် မွန်မြတ်သောဖန်တီးခြင်း ဖြစ်သည်။

အစီရင်ခံစာတွင် ပြည်သူများက ကိုယ့်ဆန္ဒအရ ဆောင်ရွက်ရေး စည်းစနစ်ကို ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဟုဖေါ်ပြပြီး၊ ပြည်သူများက ကိုယ့်ဆန္ဒ အရ ဆောင်ရွက်ရေးစနစ်ဆိုင်ရာ အာမခံချက်ကို အားသစ်လောင်းပေးရန်၊ အတိုင်ပင်ခံ ဒီမိုကရေစီကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံအလွှာများ၌ ဒီမိုကရေစီကို တက်ကြွစွာ တိုးတက်စေရန်၊ အကျယ်ပြန့်ဆုံးသော တိုင်းချစ်ပြည်ချစ် တပ်ပေါင်းစုကို တိုးတက်စေပြီး ပိုမိုခိုင်ခံ့လာစေရန် စသဖြင့် တင်ပြထားကာ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ ဒီမိုကရေစီ တစ်ဆင့်တိုး တိုးတက်စေရေးအတွက် ဦးတည်ချက်ကို ညွှန်ပြထားပါသည်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တရုတ်နိုင်ငံသည် အလွန်အမင်း ဆင်းရဲမှုပပျောက်ရေးကို အောင်မြင်စွာ ဖေါ်ဆောင်ခဲ့ပြီး အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဘက်စုံ တည်ဆောက်ရေးခရီးစဉ်ကိုစတင်ပြီး အတူဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သို့ ချီတက် ကြပါသည်။ ဖြစ်စဉ်တစ်ရပ်လုံးဖြစ်သည့် ပြည်သူ့ဒီမိုကရေစီသည် အားမာန်ပြည့်ဖြိုးပြီး ရှင်သန်တက်ကြွသော အင်အားများကို ပြသလာနေသည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြပါသည်။