တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ သဘာပတိအဖွဲ့သည် ဒုတိယအကြိမ်အစည်းအဝေးကို ကျင်းပ

(GMT+08:00)2022-10-19 13:49:29  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ သဘာပတိအဖွဲ့သည် ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်က အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့သည်။

      အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ဗဟိုကော်မတီ အစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ (၁၉) ကြိမ်မြောက် ဗဟိုစည်းကမ်းကြီးကြပ်ရေး ကော်မရှင်၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက် (မူကြမ်း)၊ တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်းဥပဒေ(ပြင်ဆင်ရေးမူကြမ်း)ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတို့ကို ကိုယ်စားလှယ်အဖွဲ့အသီးသီးတို့ ဆွေးနွေးဖို့ တင်ပြရန် အတည်ပြုခဲ့သည်။

      အစည်းအဝေးတွင် အကြိမ် (၂၀) မြောက်ဗဟိုကော်မတီဝင်၊ ကော်မတီဝင်လောင်းနှင့် ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်လောင်းအဖြစ် အဆိုပြုထားသူများ အမည် စာရင်းကို ကိုယ်စားလှယ်အဖွဲ့အသီးသီးတို့ လေ့လာဆွေးနွေးဖို့ တင်ပြရန်အတည်ပြုခဲ့သည်။

      အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့ အသီးသီးမှ လေ့လာဆွေးနွေးခဲ့ကြသည့် ရွေးကောက်ရေးနည်းလမ်းကိုလည်း အတည်ပြုခဲ့သည်။