ပါတီညီလာခံသို့ တက်ရောက်သော ကိုယ်စားလှယ်များ၊ ကေဒါခေါင်းဆောင်များနှင့် ပြည်သူများသည် ရှီကျင့်ဖိန်၏ ပြောဆိုချက်ကို တက်ကြွစွာ တုံ့ပြန်

(GMT+08:00)2022-10-19 17:17:07  

အောက်တိုဘာလ ၁၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးမှု၌ ပါဝင်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တင်ပြသော အစီရင်ခံစာ၌ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်လုပ်ငန်းများ၏ ရှေ့သို့ချီတက်ရန် ဦးတည်ချက်ကို တစ်ဆင့်တိုး ညွှန်ပြထားပြီး တရုတ်ကွန်မြူနစ်ပါတီသည် တစ်နိုင်ငံလုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်ပြီး ဦးဆောင်ကာ ခေတ်သစ်၊ ခရီးစဉ်သစ်တွင် တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်ကို စွဲကိုင် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ နိုင်ငံရေး ကြေညာစာတမ်းနှင့် ဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ တစ်ရပ်လုံးနှင့် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများသည် ပါတီ၏ အလံအောက်တွင် “မာကြောသော သံမဏိ တစ်တုံး” ကဲ့သို့ စည်းလုံးညီညွတ်ပြီး မွန်မြတ်သော တရုတ်အမျိုးသားရှင်သန်ရေး သင်္ဘောကြီး လှိုင်းလေကြားမှ အဟုန်ပြင်းစွာ ရှေ့သို့ချီတက်ရန် တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲညီညီ တွန်းအားပေး ကြိုးပမ်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ၏ ပြောဆိုချက်ကို တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်သော ကိုယ်စားလှယ်များ၊ ကေဒါခေါင်းဆောင်များနှင့် ပြည်သူများသည် တက်ကြွစွာ တုံ့ပြန် ရာတွင် ညီလာခံ၏ အနှစ်သာရကို လမ်းညွှန်ချက်အဖြစ်ထားပြီး စည်းလုံးညီညွှတ်ကာ ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။