တရုတ်နိုင်ငံ လျှပ်စစ်သုံးမော်တော်ယာဉ်များကို ပါရီ နိုင်ငံတကာမော်တော်ယာဉ် ပြပွဲတွင် ပြသ

(GMT+08:00)2022-10-19 15:57:23  

၂၀၂၂ ခုနှစ် ပါရီ နိုင်ငံတကာမော်တော်ယာဉ် ပြပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပလျက် ရှိပါသည်။ ယခုအကြိမ် ပြပွဲသည် မော်တော်ယာဉ်လုပ်ငန်း၌ ရင်ဆိုင် နေရသော တော်လှန်ရေးသဘောဖြစ်သည့် ဆန်းသစ်တီထွင်မှုများကို ပြသရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

စွမ်းအင်သစ်သုံးမော်တော်ယာဉ်များသည် ယခုအကြိမ်ပြပွဲတွင် စွဲဆောင်မှုအရှိဆုံး ဖြစ်ပါသည်။ Dongfeng၊ Changcheng နှင့် BYD စသည့် တရုတ်နိုင်ငံ လျှပ်စစ်သုံး မော်တော်ယာဉ်များကို ယင်းပြပွဲတွင် ပြသထားပါသည်။

ပါရီ နိုင်ငံတကာမော်တော်ယာဉ် ပြပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပါသည်။ယခုနှစ် ပြပွဲကို တစ်ပတ်ကြာ ကျင်းပမည်ဖြစ်ပြီး ပြပွဲကြည့်ရှုသူ ၃ သိန်း မှ ၄သိန်းအထိ ရှိမည်ဟု ပြပွဲ စည်းရုံးကျင်းပရေးဌာနက ခန့်မှန်းထားပါသည်။