တရုတ်ပုံစံခေတ်မီရေးသည် “လူတစ်ယောက်မှ မချန်ထား” ဟူသောခေတ်မီရေး ဖြစ်သည်ဟု ဖုန်းဒိုက်ဆို

(GMT+08:00)2022-10-19 16:05:37  

ယခုအကြိမ် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၏ အစီရင်ခံစာကို ဘာသာပြန်မှုတွင်ပါဝင်သော လာအို ဘာသာ ပညာရှင် ဖုန်းဒိုက် ကျားလွင်ဆူသည် လာအိုနိုင်ငံတော်အသံလွှင့်ဌာန သတင်းဌာန တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အာရုံစူးစိုက်ပါသည်။ သူက ယခုအကြိမ်အစီရင်ခံစာ၏ အကြောင်းအရာများသည် ပေါကြွယ်ဝပြီး အဓိပ္ပါယ်နက်ရှိုင်းရှည်ကြာကြောင်း၊ “တရုတ်ပုံစံခေတ်မီရေး” အကောင်အထည် ဖော်ဆောင်ခြင်းဖြင့် ကမ္ဘာသည် လူသားယဉ်ကျေးမှုပုံစံသစ်ကို တွေ့မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။

ဖုန်းဒိုက်က တရုတ်ပုံစံခေတ်မီရေးနှင့် အနောက်တိုင်းခေတ်မီရေးတို့အကြား ကွာခြားမှု အများကြီးရှိကြောင်း၊ တရုတ်ပုံစံခေတ်မီရေးသည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်ပြီး ပြည်လုံးရှိ တိုင်းရင်းသားလူမျိုး အသီးသီးတို့ အတူပါဝင်ကြကာ ပြည်သူတစ်ရပ်လုံး၏ အတူ ချမ်းသာကြွယ်ဝမှုကို အကောင်အထည်ဖော်ဆောင်ရန် ခေတ်မီရေးဖြစ်၍ “လူတစ်ယောက် မှ မချန်ထား” ဟူသော ခေတ်မီရေးဖြစ်ကြောင်း ယူဆပါသည်။