တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသစ်မှာ ကမ္ဘာအတွက် အခွင့်အလမ်းသစ်ကို ဖန်တီးပေး ကြောင်း နိုင်ငံများစွာမှ ပုဂ္ဂိုလ်များ ပြောကြား

(GMT+08:00)2022-10-19 17:32:38  

       နိုင်ငံတကာအသိုင်းအဝိုင်းသည် တရုတ်နိုင်ငံတွင် ကျင်းပနေသော တရုတ် ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အာရုံစိုက်ပါသည်။

       ပြင်သစ်အထက်လွှတ်တော်ဒုဥက္ကဋ္ဌ Pierre Laurent က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးဖြစ်စဉ်မှာ အံ့ဖွယ်ကောင်းကြောင်း၊ လက်ရှိ လူသားတစ်ရပ်လုံးသည် စိန်ခေါ်မှုကြီးများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ၄င်းစိန်ခေါ်မှုများကို ကျော်လွှားရန် တရုတ် နိုင်ငံသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အိုင်ယာလန်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Eugene McCartan က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကာကွယ်ထိန်းသိမ်းမှုဘက်တွင် တက်ကြွစွာ အကျိုးပြုစွမ်းဆောင်ခဲ့ပြီဖြစ်ပြီး ဆက်လက်အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

      ကင်ညာမြို့တော် FM အသံလွှင့်ဌာန အယ်ဒီတာချုပ် Bernard Momanyi က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တင်ပြသော အစီရင်ခံစာ၌ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဖော်ပြခဲ့ကြောင်း၊ ၄င်းမှာ လူသားတစ်ရပ်လုံး အကျိုးခံစားစေမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။