ပန်ဒါ Sihai နှင့် Jingjing ကာတာနိုင်ငံသို့ ပို့ဆောင်

(GMT+08:00)2022-10-19 15:46:26  

ယခုလ ၁၈ ရက်နေ့တွင် ပန်ဒါ "Sihai" နှင့် "Jingjing" တို့ကို ကာတာနိုင်ငံသို့ ပို့ဆောင်ခြင်း အခမ်းအနားကို တရုတ်နိုင်ငံ ယာအန်မြို့ရှိ ပန်ဒါထိန်းသိမ်းကာကွယ်ရေးနှင့် သုတေသန စင်တာတွင် ကျင်းပခဲ့ပြီး တရုတ်-ကာတာ ပန်ဒါများ ထိန်းသိမ်းကာကွယ်ရေး သုတေသန ပူးပေါင်းဆောင်ရွက်ရေးခရီးစဉ်ကို စတင်ခဲ့သည်။ ယင်းသည် ပန်ဒါများက အရှေ့အလယ်ပိုင်းဒေသတွင် ပထမဦးဆုံးအကြိမ် နေထိုင်ခြင်းဖြစ်ပါသည်။