ပြင်သစ်တွင် သပိတ်မှောက်ဆန္ဒပြသူများသည် ရဲများနှင့် အချင်းပွားမှု ဖြစ်ပွား

(GMT+08:00)2022-10-19 15:48:11  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်နေ့က ပါရီမြို့တွင် သပိတ်မှောက် ဆန္ဒပြသူများနှင့် ဒေသခံရဲများအကြား အချင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ပြင်သစ်တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော သပိတ်မှောက်မှုသည် ပြင်သစ်ရေနံချက်စက်ရုံ အလုပ်သမားများက ပထမဦးဆုံးစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ပြင်သစ်နိုင်ငံရှိ အလုပ်သမားသမဂ္ဂအများအပြားသည်လည်း ပါဝင် လာကြကာ ၄င်းတို့သည် ဥရောပစွမ်းအင် အကျပ်အတည်းကြောင့် ဖြစ်ပွားလာသော ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရန် အလုပ်သမားများ၏ လစာတိုးမြှင့်ရန် တောင်းဆိုကြကြောင်း သတင်းရရှိပါသည်။