ရုရှားနှင့် ယူကရိန်းတို့သည် ချုပ်နှောင်ထားသူ ၂၀၀ ကျော် လဲလှယ်

(GMT+08:00)2022-10-19 15:51:16  

ရုရှားနှင့် ယူကရိန်း နှစ်ဖက်တို့သည် ချုပ်နှောင်ထားသူ ၂၀၀ ကျော်ကို လဲလှယ်နေပြီဟု ရုရှားနှင့် ယူကရိန်းတို့က အောက်တိုဘာလ ၁၇ ရက်နေ့ကအသီးသီး အတည်ပြုခဲ့သည်။ ယင်းသည် ယခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းအကျပ်အတည်းအရှိန်မြင့်လာသည့် နောက်ပိုင်း နှစ်ဖက်အကြား ပမာဏ အကြီးဆုံးသော ချုပ်နှောင်ထားသူများ လဲလှယ်မှုများထဲမှ တစ်ခုဖြစ်သည်။

စေ့စပ်ဆွေးနွေးမှု၏ ရလဒ်တစ်ရပ်အဖြစ် ရုရှားနိုင်ငံသား ၁၁၀ ဦးတို့သည် အောက်တိုဘာလ ၁၇ ရက်နေ့က လွတ်မြောက်ခဲ့ပြီး ၎င်းတို့ထဲတွင် ဖေဖော်ဝါရီလကစပြီး ယူကရိန်းဘက်က ချုပ်နှောင်ထားသော အရပ်ဘက်သင်္ဘောပေါ်မှ သင်္ဘောသား ၇၂ ဦးပါဝင်ကြောင်း ရုရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာသည်။

လွတ်မြောက်လာသော ယူကရိန်းနိုင်ငံသား ၁၀၈ ဦးထဲတွင် စစ်သား ၉၆ ဦး နှင့် အရပ်သား ၁၂ ဦး ပါရှိကြောင်း ယူကရိန်းသမ္မတZelensky က ထိုနေ့တွင် ဆိုသည်။