ရှီကျင့်ဖိန်နှင့် ယူဂန်ဒါသမ္မတ Museveni တို့သည် တရုတ်-ယူဂန်ဒါ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2022-10-18 17:25:34  

အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ယူဂန်ဒါ သမ္မတ Museveni တို့သည် တရုတ်-ယူဂန်ဒါ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ရှီကျင့်ဖိန်က တရုတ်-ယူဂန်ဒါဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ် ၆၀ ပြည့် အခွင့်ကောင်းကို အသုံးချပြီး  သမ္မတ Museveni နှင့်အတူ“Belt and Road” အတူ တည်ဆောက်ရေးနှင့် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ် မူဘောင်အတွင်း နယ်ပယ် အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်လိုပါကြောင်း ဖော်ပြပါသည်။

Museveni ကလည်း ယူဂန်ဒါနိုင်ငံသည် ယူဂန်ဒါ-တရုတ်ဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးရန် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း ဖေါ်ပြပါသည်။