တရုတ်ပုံစံခေတ်မီရေးလမ်းကြောင်းသည် အင်အားတောင့်တင်းသော နိုင်ငံကြီး တည်ဆောက်ရန် လျှောက်ရသောလမ်းကြောင်းဖြစ်သည်ဟု ကိုယ်စားလှယ်များဆို

(GMT+08:00)2022-10-18 17:30:16  

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသို့ အစီရင်ခံစာတင်ပြရာ၌ “တရုတ်ပုံစံခေတ်မီရေး”ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပါသည်။ ယခုအချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ၏ အဓိက လုပ်ငန်းတာဝန်မှာ တစ်ပြည်လုံး တိုင်းရင်းသား လူမျိုးစု ပြည်သူများကို စည်းလုံးညီညွတ်ပြီး ဦးဆောင်ကာ ဆိုရှယ်လစ်ခေတ်မီ အင်အားကြီးနိုင်ငံ ဘက်စုံတည်ဆောက်၍ ဒုတိယ နှစ် ၁၀၀ အားထုတ် ကြိုးပမ်းခြင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ပြီး တရုတ်ပုံစံ ခေတ်မီရေးဖြင့် ကြီးမြတ်သော တရုတ်အမျိုးသားရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရေးပင် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားသည်။

ညီလာခံသို့ ပါဝင်ကြသည့် ကိုယ်စားလှယ်များက တရုတ်ပုံစံခေတ်မီရေးလမ်းကြောင်းသည် အင်အားတောင့်တင်းသော နိုင်ငံကြီး တည်ဆောက်ရန် လျှောက်ရသောလမ်းကြောင်းတစ်ခုပင်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းတစ်ခုလည်းဖြစ်သောကြောင့် ယင်းလမ်းကြောင်းအတိုင်း ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်စွာ လျှောက်လှမ်းပြီး ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြကြပါသည်။