ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဟေတီနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အစည်းအဝေးကျင်းပ

(GMT+08:00)2022-10-18 17:25:00  

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုလ ၁၇ ရက်နေ့က ဟေတီနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး အိုးပင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဟေတီ နိုင်ငံရေးရာအထူးကိုယ်စားလှယ် Lalem က လက်ရှိတွင် ဟေတီနိုင်ငံသည် စီးပွားရေး၊ လုံခြုံရေးနှင့် နိုင်ငံရေး အဓိကအကျပ်အတည်းသုံးရပ်ကို ရင်ဆိုင်နေရပြီး ဟေတီလူဆိုးလူဂိုဏ်းအဖွဲ့များက လောင်စာဆီ ဆိပ်ကမ်းကို ပိတ်ဆို့ခဲ့ပြီး ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုအခြေအနေများကို ဆိုးရွားစေခဲ့ကြောင်း၊ ဟေတီတွင် မငြိမ်မသက်မှုများကို လုံးဝဖြေရှင်းရန် လုံခြုံရေးကောင်စီသည် ပြတ်ပြတ်သားသားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

       ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ်ကင်စွမ်က ဟေတီနိုင်ငံ၏ ပါတီ အသီးသီးတို့သည် တွေ့ဆုံဆွေးနွေးမှုဖြင့် နိုင်ငံရေးလိပ်ခဲတည်းလည်းမှုကို အမြန်ဆုံး ဖြတ်ကျော်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်ကို ပြန်လည်ဖေါ်ဆောင်စေသင့်ကြောင်း၊ လုံခြုံရေးကောင်စီက ဟေတီနိုင်ငံလူဆိုးလူဂိုဏ်းအဖွဲ့များနှင့် ၎င်းတို့အား ထောက်ခံသူ များကို အမြန်ဆုံးအရေးယူရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့သည်။