ဗြိတိန်ဝန်ကြီးချုပ်မှ “Mini-budget” ရေးဆွဲသတ်မှတ်ရာတွင် အမှားကျူးလွန်ခဲ့ကြောင်း ဝန်ခံ တောင်းပန်

(GMT+08:00)2022-10-18 17:29:17  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၇ ရက်နေ့ညက ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Truss သည် ကွန်ဆာဗေးတစ်လွှတ်တော်အမတ်အချို့နှင့် ကျင်းပသော အစည်းအဝေးတွင် ယင်းလွှတ်တော်အမတ်များအား တောင်းပန်ခဲ့ရာ၌ ၎င်းမှ ဦးဆောင်သောအစိုးရသည် Mini-budget ရေးဆွဲသတ်မှတ်ရာ၌ အမှား ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ဗြိတိန်အစိုးရမှ “Mini-budget” သည် တရားဝင်ဘတ်ဂျက်မတိုင်မီတွင် “ကြိုတင်ဘတ်ဂျက် အစီရင်ခံစာ” ဖြစ်ပြီး၊ လာမည့်နှစ်အတွင်း အစိုးရအသုံးစရိတ်အပေါ် အကြမ်းဖျင်းအားဖြင့် စီမံခန့်ခွဲခြင်း ဖြစ်သည်ဟု သတင်းအရ သိရသည်။