ပါတီညီလာခံ သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2022-10-18 17:28:08  

အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ သတင်းစင်တာ၌ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီကို ဘက်စုံ တင်းကျပ်စွာ စီမံအုပ်ချုပ်ရေး ဦးလည်မသုန် ကျင့်သုံးခြင်း၊ ခေတ်သစ် တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေးဆိုင်ရာ မွန်မြတ်သော လုပ်ငန်းသစ်ကြီးကို နက်ရှိုင်းစွာ တွန်းအားပေးခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မူဝါဒ သုတေသန ရုံးမှ ဒုတိယဥက္ကဋ္ဌ ထျန်ဖေယန်က မိမိကိုယ်ကိုတော်လှန်ရေး ရဲရဲဝံ့ဝံ့ ပြုလုပ်ခြင်းမှာ တရုတ် ကွန်မြူနစ်ပါတီ၏ အထင်ရှားဆုံးသော အကျင့်စာရိတ္တနှင့် ထူးခြားသော အားသာချက် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ နှစ်ပေါင်းတစ်ရာကျော် ကျော်လွှားခဲ့သော်လည်း ရှင်သန်နေပြီး အခက်အခဲများနှင့် ကြုံတွေ့ခဲ့သော်လည်း အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာသော လျှို့ဝှက်ချက် ဖြစ်ကြောင်း၊ ၄င်းအထင်ရှားဆုံးသော အကျင့်စာရိတ္တနှင့် ထူးခြားသော အားသာချက်ကို ကောင်းမွန်စွာ လက်ဆင့်ကမ်းပြီး ကာကွယ်ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာစနစ် ကျင့်သုံးခြင်းနှင့် ခွဲ၍ မရကြောင်း ပြောကြားခဲ့ပါသည်။