ဒုတိယအကြိမ် ကမ္ဘာ့စားနပ်ရိက္ခာဖိုရမ်ကို အီတလီနိုင်ငံ ရောမမြို့တွင် ဖွင့်လှစ်

(GMT+08:00)2022-10-18 17:20:53  

ဒုတိယအကြိမ် ကမ္ဘာ့စားနပ်ရိက္ခာဖိုရမ်ကို ယခုလ ၁၇ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့တွင် ဖွင့်လှစ်ခဲ့ပြီး တစ်နေ့တခြား ဆိုးရွားလာသော ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို တုံ့ပြန်သည့် အနေနှင့် သိပ္ပံနှင့်နည်းပညာကို လယ်ယာစိုက်ပျိုးရေးစားနပ်ရိက္ခာစနစ် ပြောင်းလဲမှုတွင် အားကောင်း အောင် အသုံးချနိုင်ရန်၊လူငယ်များ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။

       ၅ ရက်ကြာဖိုရမ်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)မှ ကြီးမှူးကျင်းပပြီး အွန်လိုင်းနှင့် အော့ဖ်လိုင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ယခုနှစ်ဖိုရမ်၏ အဓိကလှုပ်ရှားမှုမှာ ကမ္ဘာလုံး ဆိုင်ရာ လူငယ်ဖိုရမ်၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ FAO ဖိုရမ်နှင့် FAO "Hand-in-Hand" ရင်းနှီးမြုပ်နှံမှုဖိုရမ်တို့ ပါဝင်ကြောင်းသိရပါသည်။