တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စတင်ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ညီလာခံသို့ အစီရင်ခံစာတင်ပြခဲ့ပါသည်။ Shenzhou အမှတ် ၁၄ အာကာသယာဉ်ပေါ်မှ ယာဉ်မှူးများသည် တရုတ်အာကာသစခန်း၌ ယခုအကြိမ် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုကြသည်။












